ပေါင်းသင်းဆက်ဆံရေး - Relationships

ချစ်သူကို ပြောတတ်တဲ့ ယောက်ျားတွေရဲ့ မုသား (၅)မျိုး 

August 7, 2017

ချစ်သူကို ပြောတတ်တဲ့ ယောက်ျားတွေရဲ့ မုသား (၅)မျိုး 

Share this on:

မုသားမပါရင် လင်္ကာမချောပါဘူး။ အမြဲတမ်း လိမ်နေဖို့ မလိုပေမယ့် ရံဖန်ရံခါ စကားလှအောင် မုသားသုံးရတာမျိုး ရှိပါတယ်။ ချစ်သူမိန်းကလေးက အမေးအမြန်းထူလာတဲ့ အခါ ယောက်ျားလေးတွေလိမ်တတ်တဲ့ မုသားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. မင်းသူငယ်ချင်းတွေက အရမ်းကောင်းတာပဲ။

စိတ်ညစ်ဖို့ကောင်းတာကို ဆိုလိုတာပါ။ နားအေးပါးအေး နေလိုတဲ့ ယောက်ျားတွေအဖို့ မိန်းမရဲ့သူငယ်ချင်းတွေလို ဗလစ်ဗလစ် နေသူတွေနဲ့ ကီးကိုမကိုက်ပါဘူး။

2. မင်းတော်တယ်ဆိုတာ ငါသိပါတယ်။

ယောက်ျားလေးတွေက ဦးဆောင်လိုစိတ်ကို ရှိတာပါ။ ကိုယ့်ချစ်သူ ဇနီးမယားက ကိုယ့်ထက် စွမ်းဆောင်နိုင်နေပြီဆိုရင် သိမ်ငယ်စိတ် အနည်းနဲ့အများ ဝင်တတ်ကြပါတယ်။ မကောင်းတတ်လို့ ချီးကျူးရတယ်လို့ မှတ်ပါ။

3. အဲ့ဒီဟာက မင်းနဲ့လိုက်တယ်။

အင်္ကျီ ဖိနပ် ဆွဲကြိုး စသဖြင့် မိန်းမတွေက ရှော့ပင်းထွက်ရင် မြန်မြန်ပြီးအေးရော မင်းနဲ့ ကြည့်ကောင်းတယ် ပြောလိုက်တာပါပဲ။

4. မဝလာပါဘူး။

မိန်းမတွေက ဝလာမှာ ကြောက်ပါတယ်။ ကျွန်မဝလာလား ခဏခဏမေးရင် စိတ်ထဲကတော့ အေးဟေ့ ဝတာမှ အဆီပိတ်နေပြီ လို့ တွေးမိကြပေမယ့် ချစ်က ဝမလာပါဘူး စိတ်ထင်လို့ပါဆိုပြီး ဖြေကြပါလိမ့်မယ်။

5. နောက်မဖြစ်စေရဘူး။

တစ်ခုခု မှားသွားပြီဆိုတာနဲ့ နောက်ကို မဖြစ်စေရပါဘူးဆိုတဲ့ ကတိကို ယောက်ျားတွေက လွယ်လွယ်ပေးတာပါပဲ။ ဒါပေမယ့် သိပ်မကြာခင်အချိန်မှာပဲ အဲ့ဒီလိုအမှားတွေ ဖြစ်လာမှာပါ။ ဥပမာ – အရက်မသောက်တော့ပါဘူး ဆိုတာမျိုး။

Review

User Rating

3.9 (18 Votes)