ပေါင်းသင်းဆက်ဆံရေး - Relationships

ချစ်သူဆီက လက်ထပ်ခွင့် တောင်းတော့မယ်ဆိုရင် 

July 28, 2017

ချစ်သူဆီက လက်ထပ်ခွင့် တောင်းတော့မယ်ဆိုရင် 

Share this on:

ယောက်ျားလေးတွေအတွက် အရေးပါတယ်လို့ ပြောရမယ့် ချစ်သူဆီက လက်ထပ်ခွင့် တောင်းတော့မယ်ဆိုရင် အမှားတွေမလုပ်မိစေဖို့ သတိထားရပါမယ်။ ဒါမျိုးကလည်း အတွေ့အကြုံရှိဖို့ဆိုတာ တော်တော် ခဲယဉ်းပါတယ်။ အဲ့ဒီတော့ သတို့သားလောင်းက အမှားကင်းနိုင်သမျှကင်းပြီး အဆင်ပြေအောင်လို့ ဆောင်ရန်ရှောင်ရန်လေးတွေ လေ့လာထားသင့်ပါတယ်။

1. နေရာ

ကောင်မလေးအိမ်မှာ သွားတောင်းမှာလား။ နှစ်ယောက်တည်း Romantic ဆန်ဆန် တောင်းမလား။ သူငယ်ချင်းတွေနဲ့ တပျော်ကြီး တောင်းမှာလားရွေးရပါမယ်။ ပွင့်လင်းရာသီက ကိစ္စမရှိပါဘူး။ ရာသီဥတုမကောင်းဘူးထင်ရင် မိုးလုံလေလုံနေရာလေး ရွေးတာ ပိုကောင်းပါတယ်။ ရက်လှလှလေး တစ်ရက်လည်း ရွေးထားသင့်ပါတယ်။

2. အပြင်အဆင်

တချို့က အမှတ်တရနဲ့ ခမ်းခမ်းနားနား လုပ်ချင်တော့ Decoration လုပ်နိုင်ပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ ဘာမှမပါဘဲ Classic ဆန်ဆန် တောင်းလည်း တစ်မျိုးဆန်းနေမှာပါ။ ဓာတ်ဖမ်းဖို့ အတွက် ဓာတ်ပုံရိုက်ပေးမယ့်သူ လိုပါလိမ့်မယ်။ Snap Shot တွေပါ ရိုက်ခိုင်းပါ။ သဘာဝကျတဲ့ ပုံလေးတွေရရင် ကျေနပ်မယ်ထင်ပါတယ်။

3. အဝတ်အစား

နေရာနဲ့ လိုက်ဖက်သင့်တော်တဲ့ ဒီဇိုင်း ဝတ်ပါ။

သက်သောင့်သက်သာ ရှိပြီး ကြည့်ကောင်းဖို့ အရေးကြီးပါတယ်။ နှစ်ယောက်လုံး ပေါ့ပေါ့ပါးပါး ဝတ်တာက ဓာတ်ပုံရိုက်တဲ့နေရာမှာပါ လွတ်လပ်စေပါတယ်။

4. လက်ဆောင်

လက်ထပ်လက်စွပ် တစ်ကွင်းတည်း သီးသန့်လား။ ပူပေါင်းတွေ ပန်းစည်းတွေ ပါမှာလား။ ကိတ်မုန့်ရော ခွဲဦးမှာလား။ ဝက်ဝံရုပ်ကြီး သယ်လာမှာလား။ ဂီတာတီးပြီး သီချင်းဆိုပြမှာလား။ ကိုယ်ထည့်ချင်တဲ့ အတိုင်းအတာပေါ် မူတည်ပြီး သပ်သပ်ရပ်ရပ် လုပ်သွားလို့ရပါတယ်။ ကြီးကြီးမားမား ပစ္စည်းပါလာရင် သွားရေးလာရေး အတွက်ပါ ကြိုစီစဉ်ထားပါ။

5. Surprise

မျက်လုံးကို အဝတ်နဲ့စည်းပြီး ခေါ်သွားမှာလား။ စားသောက်ဆိုင်မှာ စားနေရင်းနဲ့ ရေခဲမုန့်ထဲမှာ လက်စွပ်တွေ့မှာလား။ တခြားတစ်ယောက်က အထုပ်လေးလာပေးရင်း သူ ဖွင့်ကြည့်တော့မှ ကိုယ်က လက်ထပ်ခွင့်စကား ဆိုမှာလား။ ဖယောင်းတိုင်တွေ ထွန်းထားတဲ့ ကြားမှာ ဒူးထောက်ပြီး ပြောမှာလား။ မီးရှူးမီးပန်းတွေ ဖောက်ပြီး ကြည်နူးနေရင်းနဲ့မှ အမှတ်မထင် ပြောချလိုက်မှာလား။ နှစ်ယောက်လုံးအတွက် အကောင်းဆုံးအခြေအနေမှာ သူအံ့သြသွားမယ့် အရာမျိုး လုပ်ပေးရင် တစ်သက်လုံးမေ့မရတဲ့ အမှတ်တရ ဖြစ်သွားမှာပါ။

Review

User Rating

2 (1 Votes)