ပေါင်းသင်းဆက်ဆံရေး - Relationships

အသည်းကွဲတာကို ကုစားမယ့် နည်းလမ်း (၄) သွယ်

August 3, 2017

အသည်းကွဲတာကို ကုစားမယ့် နည်းလမ်း (၄) သွယ်

Share this on:

 

ရည်းစားနဲ့ပြတ်ပြီးတဲ့အခါ ဟာတာတာနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။

ချက်ချင်းကြီးဆိုသလို မပျောက်ကင်းနိုင်ပေမယ့် အသည်းကွဲတဲ့ရောဂါကို အချိန်တိုအတွင်းမှာ ပြန်ကောင်းလာနိုင်စေဖို့ ဒီနည်းလေးတွေ စမ်းကြည့်လို့ရပါတယ်။

1. အပြင်ထွက်ပါ။

အလွမ်းသီချင်းတွေနားထောင် အချစ်ရုပ်ရှင်တွေ ထိုင်ကြည့်ပြီး ဆွေးနေတာထက်စာရင် လန်းလန်းဆန်းဆန်းနဲ့ အပြင်ထွက်သင့်ပါတယ်။ အပြင်သွားတဲ့အခါမှာလည်း စာအုပ်ဆိုင်လို ငြိမ်သက်တဲ့နေရာမျိုးမှာ စာဖတ်ကြည့်ပါ။ ဒါမှမဟုတ် ကစားကွင်းမှာလည်း စိတ်လွတ်ကိုယ်လွတ် သွားကစားလို့ရပါတယ်။

 

2. မိမိကိုယ်ကို ပြန်တည်ဆောက်ပါ။

အလှပြင်ပါ။ သပ်သပ်ရပ်ရပ်နေပါ။ ပိုကြိုးစားပါ။ လူအများနဲ့ ပေါင်းသင်းဆက်ဆံကြည့်ပါ။

ရည်းစားနဲ့ပြတ်ပြီး လွမ်းနေလို့ ထီလည်း ထမပေါက်ပါဘူး။ အချိန်ကုန်နေမယ့်အစား တစ်ခုခု ထလုပ်လိုက်တာက သင့်အတွက် အကျိုးရှိပါတယ်။

 

3. သင်ခန်းစာယူပါ။

ဘာအကြောင်းကြောင့် လမ်းခွဲခွဲ ပြန်ဆက်ဖို့ မစဉ်းစားပါနဲ့။ ကိုယ့်ကိုတန်ဖိုးထားတဲ့သူဟာ လမ်းခွဲဖို့အခြေအနေတောင် အရောက်မခံပါဘူး။

လမ်းခွဲပြီးလို့ စိတ်မကောင်းစရာမရှိပါဘူး။

ဒီရထားတစ်စီးမမီရင် နောက်ရထားလာမှာပါ။

 

4. စာဖတ်ပါ။

ဘယ်လိုစာပဲဖြစ်ဖြစ်ဖတ်ပါ။ ယူတတ်ရင် ရပါတယ်။ သင်ဖတ်နေတာ ကာတွန်းစာအုပ် ဖြစ်နေနိုင်ပေမယ့် သင်တွေးတတ်ရင် သင့်ဘဝကို ပြောင်းလဲနိုင်တဲ့ အကြံဥာဏ်မျိုးပါ သင်ရမှာပါ။

Review

User Rating

3.5 (11 Votes)