ပေါင်းသင်းဆက်ဆံရေး - Relationships

သင့်ချစ်သူ ယောက်ျား စစ်/မစစ် ကို စမ်းသပ်ကြည့်နိုင်မယ့် အချက်များ

September 3, 2017

သင့်ချစ်သူ ယောက်ျား စစ်/မစစ် ကို စမ်းသပ်ကြည့်နိုင်မယ့် အချက်များ

Share this on:

သင့်ရဲ့ချစ်သူဟာ သင့်ကိုစိတ်မဝင်စားဘူး ထင်နေရင် ဒါမှမဟုတ် ပြောင်းလဲနေတယ်လို့ သံသယရှိနေရင် ဒီအချက်လေးတွေနဲ့ စစ်ကြည့်လိုက်ပါ။

အဝတ်အစားကျပ်ကျပ်တွေ ဝတ်လာမယ်။

ယောက်ျားလေးတွေက ပေါ့ပေါ့ပါးပါးနေတတ်ကြပါတယ်။ ကျပ်ထုတ်နေတဲ့ အဝတ်အစားတွေနဲ့ သူများထက်လန်းတဲ့ ဖက်ရှင်တွေ ဝတ်နေပြီဆိုရင် စောင့်သာကြည့်နေလိုက်ပါ။

သူ့ထက်ငယ်တဲ့ ယောက်ျားလေးတွေနဲ့ ပေါင်းမယ်။ 

ရွယ်တူ ဒါမှမဟုတ် အသက်ကြီးတဲ့ ဘော်ဒါတွေမဟုတ်ဘဲ ယောက်ျားလေး ငယ်ငယ်ချောချောလေးတွေချည်းပဲ ရွေးပေါင်းရင် သေချာတယ်။ ခြောက်သွားပါတော့မယ်။

ယောက်ျားတွေ မကောင်းဘူးပြောမယ်။

ယောက်ျားစစ်စစ်တွေက မိန်းမတွေ မကောင်းဘူး လို့ပဲ ပြောတာပါ။ သူတို့က ယောက်ျားချင်း စိတ်ဝင်စားနေတယ် ဆိုတာ မသိသာအောင် ယောက်ျားတွေမကောင်းဘူးလို့ သူတို့ ပြောပါလိမ့်မယ်။

သင့်ထက် အလှအပကို ဂရုစိုက်တယ်။

သင်က မျက်နှာမသစ်ဘဲ ညအိပ်ချိန်မှာ သူက ပေါင်းတင်နေတာမျိုး/ အပြင်သွားရင် အရမ်းမွှေးကြိုင်နေတာမျိုး စတာတွေကလည်း လမ်းကြောင်းပြောင်းဖို့ ဦးတည်နေတာပါ။

Gym ဆော့တယ်။ 

ယောက်ျားလေးအများစုက Gym သွားပြီး ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်တတ်ကြပါတယ်။ တချို့သော ယောက်ျားတွေကပဲ ယောက်ျားပီသတာပါ။ ကျန်တဲ့ ယောက်ျားတွေကတော့ Gym မှာ သူငယ်ဖမ်းပါတယ်။

အင်္ကျီမဝတ်ဘဲနေတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းကို အဝတ်ဗလာနဲ့ လှစ်ပြထားတာဟာ ယောက်ျားလေးတစ်ယောက်ယောက်ကများ သူ့ Body Structure ကို စိတ်ဝင်စားမလားဆိုပြီး ရည်ရွယ်ချက်နဲ့ မဝတ်တာ ဖြစ်ပါတယ်။

Review

User Rating

3.3 (4 Votes)