ပေါင်းသင်းဆက်ဆံရေး - Relationships

ချစ်သူနှစ်ယောက်ရဲ့ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမယ့် အချက် (၇) ချက်

July 26, 2017

ချစ်သူနှစ်ယောက်ရဲ့ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမယ့် အချက် (၇) ချက်

Share this on:

လူနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဟာ အပြန်အလှန်ခိုင်မြဲဖို့ လွယ်ကူခဲလှပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်မှုရှိမှသာလျှင် အရာရာတိုင်းနီးပါးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ။

နားလည်မှုဆိုတာ ပြောရတာ လွယ်ပေမယ့် လက်တွေ့မှာ နားလည်မှုတည်ဆောက်ဖို့က ခက်ခဲပါတယ်။ နားလည်မှုမရှိတဲ့ ကြားမှာ တခြားအချက်တွေပါ ဝင်လာရင် ချစ်သူနှစ်ဦးရဲ့ ခရီးလမ်းဟာ မဖြောင့်ဖြူးတော့ပါဘူး။

1. မယုံကြည်တာ

ကိုယ်မယုံတာ တစ်ခုခုကို ဒီအတိုင်းပဲထားပါ။ ကိုယ့်ချစ်သူကို စွပ်စွဲတာ ရန်ရှာတာမျိုးက ပြဿနာကို ပိုကြီးထွားစေပါတယ်။ သူ့ကို မစွပ်စွဲခင် ကိုယ့်ဘက်က သေချာအောင် အရင်လုပ်သင့်ပါတယ်။

2. နားမထောင်တာ

သူက ကိုယ့်ကို တစ်ခုခု တိုင်ပင် ဆွေးနွေး ရင်ဖွင့်ချင်တာမျိုးကို ကိုယ်က ဂရုမစိုက်တာ လစ်လျူရှုတာမျိုးဟာ သူ့ကို အလေးအနက်မထားရာ ရောက်ပါတယ်။

3. အချိန်မပေးနိုင်တာ

ကိုယ်ချစ်လို့ ရွေးထားတဲ့ သူတစ်ယောက်အတွက် အချိန်တောင် မပေးနိုင်ဘူးဆိုတာ အဓိပ္ပါယ်မရှိပါဘူး။

4. လိမ်ညာတာ

သူ့ကိုလိမ်ပြီး အပြင်သွားတာ။ သူ့ကိုဖုံးကွယ်ထားပြီး သူမကြိုက်တာတွေ လုပ်နေတာမျိုးတွေ ရှောင်ရပါမယ်။ တစ်ခါ လိမ်ဖူးရင် နောက်လိမ်ဖို့ ဝန်မလေးပါဘူး။

5. သဝန်တိုတာ

ရိုးရိုးသားသား စကားပြောတာတောင် လိုက်သမုတ်နေရင် ဘယ်သူမှ မကြိုက်ပါဘူး။ ချစ်တာနဲ့သဝန်တိုတာက ခွဲလို့မရပါဘူး။ ကိုယ့်ချစ်သူကော ကိုယ်ကော တပါးသူပါ ဂုဏ်သိက္ခာထိခိုက်လောက်တဲ့အထိ လိုက်သဝန်တိုပြီး စွပ်စွဲနေရင်တော့ သင်ပဲကျန်ခဲ့မှာပါ။

6. ရည်းစားဟောင်းနဲ့ မပြတ်နိုင်တာ

အရင်ရည်းစားကိုတောင် စိတ်မကုန်သေးဘဲ နောက်တစ်ယောက်ထပ်ထားတာဟာ သူတစ်ပါးကို နှိပ်စက်ရာရောက်ပါတယ်။

ကိုယ့်အတွက်နဲ့ တခြားသူထိခိုက်ခံစားရတာ တစ်ချိန်မှာ ကိုယ်ဝဋ်လည်ပါလိမ့်မယ်။

7. အတ္တကြီးတာ 

ကိုယ့်အတ္တတစ်ခုတည်းအတွက် ကြည့်နေရင် သင့်ချစ်သူက သင့်ကို အချစ်ပေါ့လာပါလိမ့်မယ်။ သူ့ဘက်ကိုယ့်ဘက် မျှတွေးပြီး နားလည်မှု တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။

Review

User Rating

3.3 (26 Votes)