ချစ်ခြင်းမေတ္တာ - Love | ပေါင်းသင်းဆက်ဆံရေး - Relationships

ဘယ်လိုမိန်းကလေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်လဲ။

August 7, 2017

ဘယ်လိုမိန်းကလေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်လဲ။

Share this on:

ဘဝနှစ်ခုကို တစ်ခုတည်း ပေါင်းစပ်နိုင်ဖို့ ကိုယ်နဲ့ ထပ်တူညီနိုင်မယ့် လူမျိုးကို ရှာရပါမယ်။

လူတစ်ယောက်မှာရှိတဲ့ လက်ချောင်းငါးချောင်း တောင် အတိုအရှည်မညီရှာတော့ လူတစ်ဦးနဲ့ တစ်ဦး ထပ်တူညီနိုင်ဖို့ဆိုတာလည်း ထင်သလောက်တော့ မလွယ်လှပါဘူး။ သင့်စရိုက်နဲ့ အနီးစပ်ဆုံး အတူညီဆုံး နားလည် ပေးနိုင်မယ့်သူမျိုးကို ရှာရင်တော့ အိမ်ထောင်ရေးဟာ သိပ်မခက်ခဲဘူးထင်ပါတယ်။

1. အမေနှင့်တူသောမိန်းမ

သင့်အပေါ် အမေတစ်ယောက်လို ဂရုစိုက်ပြီး နွေးထွေးကြင်နာပေးတတ်တဲ့ မိန်းကလေးမျိုးကို ရှာသင့်ပါတယ်။ သင်ပြောသမျှနားထောင်ပြီး သင့်ကို အလိုလိုက်မယ့် အမျိုးသမီးကို ယူထားရင် သင်နောင်တရမှာမဟုတ်ပါဘူး။

2. ဥာဏ်ရည်ထက်မြက်သောမိန်းမ

သင်က အိမ်ထောင်ဦးစီးဆိုပြီး မိန်းမက မတော်လည်း ရပါတယ် မလုပ်ပါနဲ့။ တစ်စုံတစ်ခု အရေးအကြောင်း ရှိလာတဲ့အခါမှာ ဥာဏ်ကောင်းတဲ့ အမျိုးသမီးက သင့်ပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။

3. ထောင့်စေ့သောမိန်းမ

အကွက်ကျကျ စီစဉ်တတ်ပြီး လိုလေသေးမရှိဖို့ ပြင်ဆင်ထားတတ်တဲ့မိန်းမမျိုးဟာ သင့်ဘဝအတွက်လည်း အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်မှာပါ။

4. စာဖတ်သောမိန်းမ

စာမဖတ်တဲ့သူဟာ အကန်းနဲ့တူပါတယ်။ စာဖတ်ဝါသနာပါတဲ့ မိန်းကလေးဟာ သူများနဲ့ တန်းတူ ရင်ပေါင်တန်းနိုင်ပြီးသားပါ။

5. ဒေါသထိန်းတတ်သောမိန်းမ

စိတ်တိုလာရင်တောင်မှ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောတာ မျက်နှာမပျက်ဘဲ ပညာရှိဆန်ဆန်တုံ့ပြန်နိုင်တာမျိုးက တော်ရုံ မိန်းကလေးတွေ မလုပ်နိုင်ပါဘူး။ ဒေါသကို ထိန်းတတ်တဲ့ မိန်းမဟာ သင့်အတွက် အဖော်မွန်ကောင်း ဖြစ်ရုံမက သင့်ကိုပါ ဘဝသင်ခန်းစာတွေ သင်ပေးပါလိမ့်မယ်။

Review

User Rating

3.1 (20 Votes)