ပေါင်းသင်းဆက်ဆံရေး - Relationships

ယောက်ျားလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် သိသာတဲ့အချက်တွေ

July 28, 2017

ယောက်ျားလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် သိသာတဲ့အချက်တွေ

Share this on:

မိန်းကလေးတွေဟာ အချစ်ကို ဖုံးကွယ်တဲ့နေရာမှာ ထူးချွန်ကြပါတယ်။ စိတ်ဝင်စားနေတဲ့ ယောက်ျားတစ်ယောက်ကို သူမရဲ့သူငယ်ချင်းတွေတောင် မပြောပြတတ်ကြပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ ချစ်မိပြီဆိုရင် သိသာတဲ့အချက်တွေ ရှိပါတယ်။

1. သင့်ကိုလိုက်ကြည့်နေမယ်။

သင်ရှိတတ်တဲ့ နေရာမျိုးမှာ သင့်ကို လိုက်ရှာမယ်။ သင်ရှိနေတဲ့နေရာကိုလည်း မကြာခဏ လှမ်းကြည့်မယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေကို တစိမ့်စိမ့် ထိုင်ကြည့်တတ်ပေမယ့် မိန်းကလေးတွေကတော့ ယောက်ျားလေးတွေကို ဖျတ်ခနဲပဲ ခိုးခိုးကြည့်တတ်ပါတယ်။

2. မာယာတွေထုတ်သုံးမယ်။

သင်က သူကြည့်နေတာ မသိဘူးဆိုပါစို့။ သူ့ကို အာရုံရောက်အောင် သူလုပ်ပြလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ စကားအကျယ်ကြီးပြောမယ်။ ခိုးခိုးခစ်ခစ်ရီပြမယ်။ ကလေးတွေရှိရင် ကလေးတွေနဲ့ ဆော့ပြမယ်။ တစ်ခုခုကျသွားလို့ ကောက်နေဟန်ပြမယ်။ ဆံပင်တွေယမ်းပြမယ်။ အဓိကက သင့်အာရုံသူ့ဆီရောက်ဖို့ သူတစ်ခုခု လုပ်ကိုလုပ်နေပါလိမ့်မယ်။ မိန်းမမာယာထဲမှာ ထမီဖြန့်ဝတ်ပြတာက အစ ပါပါတယ်။ ဒါပေမယ့် သိပ်တော့ မလုပ်ကြဘူးပေါ့။

3. အလှပိုပြင်လာတယ်။

သင်မြင်နေကျ မိန်းကလေးတစ်ဦးဟာ သာမန်ထက် လှချင်လာပြီဆိုရင် သူတစ်ယောက်ယောက်ကို ချစ်နေပါပြီ။ ချစ်တဲ့သူက ကိုယ့်ကိုကြည့်ရင် လှနေစေချင်တယ်လေ။ ဖိနပ်အပါးစီးတဲ့သူက ဒေါက်ဖိနပ်စီးလာမယ်။ သနပ်ခါးပါးကွက်နဲ့ နေတဲ့သူက နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ ပြင်လာမယ်။ အဝတ်အစားလှလှလေးတွေ ဆင်လာမယ်။ ဒါပေမယ့် ယောက်ျားလေးများက ဒါမျိုးပြောင်းလဲမှုကို သတိထားမိခဲပါတယ်။ ဂရုစိုက်ပြီး ကြည့်ကြည့်ပါ။

4. အစွန်းရောက်မယ်။

ပွင့်လင်းတဲ့မိန်းကလေးက ကိုယ်နဲ့ရင်းရင်းနှီးနှီး လာနေပြနိုင်ပေမယ့် ရိုးရိုးအေးအေး

မိန်းကလေး ကတော့ သင့်ရှေ့ရောက်ရင် ဘာမှ သိပ်ပြောတော့ပါဘူး။ သင်နဲ့အရမ်း လက်ပွန်းတတီး နေပြနိုင်သလို သင့်ရှေ့မှာ ဆွံ့အနေမယ့်မိန်းကလေးမျိုးလည်း သင်ကြုံရနိုင်ပါတယ်။

5. သဝန်တိုလာတယ်။

သင်နဲ့ တခြားအမျိုးသမီးတစ်ယောက်နဲ့ကို အတူတွေ့လိုက်ရင် သူမသင်္ကာတော့ပါဘူး။

သင့်ကို စုံစမ်းမေးမြန်းရင် မသင့်တော်လို့ သူ့နည်းသူ့ဟန်နဲ့စုံစမ်းပါလိမ့်မယ်။

6. ကိုယ့်ကိုယ်ကို အမွှန်းတင်တယ်။

ချစ်ရတဲ့သူရှေ့မှာ အမှတ်တက်အောင်လို့ ဒါလည်းလုပ်တတ်တယ်။ ဟိုဟာလည်း လုပ်တတ်တယ်ဆိုတာမျိုး တွေ့ရမှာပါ။

ဟင်းလား ချက်တတ်တာပေါ့။ ငါက အိမ်မှာ အဝတ်လျှော်မီးပူတိုက် အကုန်လုပ်ရတာ စသဖြင့် အသံလေးတွေ ကြားရပါလိမ့်မယ်။ မိန်းမပီသတဲ့သူဆိုတာ သင်သိဖို့ သူလုပ်ပြမှာပါ။

Review

User Rating

4.4 (7 Votes)