ချစ်ခြင်းမေတ္တာ - Love

ရည်းစားဟောင်းနဲ့ ဘာဖြစ်လို့ သူငယ်ချင်းအဖြစ် ဆက်မနေနိုင်တာလဲ

July 26, 2017

ရည်းစားဟောင်းနဲ့ ဘာဖြစ်လို့ သူငယ်ချင်းအဖြစ် ဆက်မနေနိုင်တာလဲ

Share this on:

သမီးရည်းစားအဖြစ်က ပြတ်စဲပြီးရင် သူစိမ်းတွေ ဖြစ်သွားပါတယ်။ ရင်းရင်းနှီးနှီးပြန်နေတယ်ဆိုတဲ့ လူတွေကတော့ ရှားပါတယ်။ အရမ်းရင်းနှီးတဲ့သူတွေကနေ သူစိမ်းပြင်ပြင်တွေ ဖြစ်သွားကြတဲ့ အကြောင်းရင်းတွေရှိပါတယ်။

1. ရည်းစားဟောင်းနဲ့ သူငယ်ချင်းဆက်ဖြစ်နေတာက သူမရှိဘဲ သင်အဆင်ပြေတယ်ဆိုတာကို သူသိအောင် ပြသနိုင်မှ အဆင်ပြေပါမယ်။ သူထွက်သွားပြီးတဲ့နောက် သင်က ခက်ခဲစွာ ဖြတ်သန်းနေရရင် သင့်ဘက်က ရှုံးနိမ့်သလို သင်ခံစားရမှာပါ။

2. အရင်က အမှတ်တရတွေပြန်စဉ်းစားရင်း သင်က ပျော်ရွှင်စွာ ဖြတ်သန်းချင်တာပါ။ ဒါပေမယ့် မျက်ရည်တွေနဲ့ပဲ အဆုံးသတ်နေရပါတယ်။

အဲ့ဒီအခါမှာ သင့်ရည်းစားဟောင်းနဲ့ သင် မျက်နှာချင်းတောင် ဆိုင်ချင်မှာမဟုတ်ပါဘူး။

3. တစ်ယောက်တည်းနေရတဲ့အချိန်မှာ သင်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သင်နားလည်လာပါတယ်။ ဒါပေမယ့် သူကတော့ သင့်ကို ပြန်ချစ်လာတော့မှာ မဟုတ်ဘူးဆိုတာလည်း သင်သိနေပါတယ်။

4. လမ်းခွဲပြီးတဲ့အချိန်မှာ သင်စကားပြောဖို့ လူလိုတယ်ဆိုပြီး သူ့ဆီပြန်သွားပါမယ်။ သူက သင်နဲ့ ပြောချင်မှန်း မပြောချင်မှန်းမသိပေမယ့် သင့်စိတ်ထဲက သူဘာလို့လမ်းခွဲသွားလဲပဲ သိချင်နေပါတယ်။

5. သင့်ရည်းစားဟောင်းက နောက်တစ်ယောက် တွေ့နေပြီဆိုတာကို သင့်ကိုလာပြောပါမယ်။ ဘယ်သူမှန်းမသိခင်တည်းက သင့်စိတ်ထဲမှာ အလိုမကျ ဖြစ်နေပါပြီ။

သင့်ဘက်က စိတ်မကုန်သေးသရွေ့ သင့်ရည်းစားဟောင်းအပေါ် သင်စွဲလမ်းနေဦးမှာပါ။ ဒါဆိုရင် သူငယ်ချင်းအဖြစ် နေနိုင်မှာ မဟုတ်ပါဘူး။

သင့်ဘက်က စိတ်ကုန်သွားပြီ ဆိုရင်လည်း သူငယ်ချင်းအဖြစ်နဲ့ပါ နေချင်စိတ်ကုန်သွားမှာ ဖြစ်ပါတယ်။

Review

User Rating

2.7 (18 Votes)